KMD

KMD Recent News


နှစ်စဉ်ကမ္ဘာ့အဆင့် ထူးချွန်ကျောင်းသား / ကျောင်းသူ များ မွေးထုတ်ပေးနေတဲ့ KMD မှ ကြို ဆိုလျှက်ပါ။


နိုင်ငံတကာ အသိအမှတ်ပြု IT Professional တစ်ယောက်ဖြစ်လိုလျှင်



University of Greenwich (UK) ၏ ပထမနှစ် (Diploma) သင်တန်း (L4DC)

Date: 23 March 2015 (Mon - Fri)
Time: 07:00 AM to 11:30 AM
Place: ၃၃၁၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။

University of Greenwich (UK) ၏ ဒုတိယနှစ် (Advanced Diploma) သင်တန်း (L5DC)

Date: 16 March 2015 (Mon - Fri)
Time: 08:00 AM to 11:30 AM
Place: ၃၃၁၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။

KMD Computer Center တွင် NCC Department မှ 1st Year Computing အတန်းသစ်ကို ၂၃.၃.၂၀၁၅ (တင်္နလာနေ့) တွင် အတန်းသစ်ကို မြေနီကုန်း KMD တွင်ဖွင့်လှစ်မည် ဖြစ်ပါသည်။
KMD Computer Center တွင် NCC Department မှ 2nd Year Computing အတန်းသစ်ကို ၁၆.၃.၂၀၁၅ (တင်္နလာနေ့) တွင် အတန်းသစ်ကို မြေနီကုန်း KMD တွင်ဖွင့်လှစ်မည် ဖြစ်ပါသည်။


HOTLINE 700895 နှင့် 220555 သို့လဲ ဆက်သွယ်အပ်နှံနိုင်ပါသည်။





KMD Computer Centre ၏ တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ၊ ဒီပလိုမာနှင့်
ဘွဲ့ လက်မှတ်များ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနား


              KMD Computer Centre ၏ ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ(၁၆) ရက်နေ့ မနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ UMFCCI တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ KMD Group of Companies ၏ President ဒေါ်တင်တင်အေးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့ နောက် Ms. Susana, Director Education & Arts from British Council, Myanmar နှင့် Dr Mary Kiernan, Deputy Head of the Department of Computing and Information Systems, University of Greenwich တို့မှ လည်း အသီးသီး အမှာစကားများပြောကြားခဲ့ပါသည်။
              ဆက်လက်၍ အခမ်းအနား အစီအစဉ်အရ March 2014 Exam တွင် Level 5 Diploma in Computing (Second Year) မှ တစ်ကမ္ဘာလုံး တွင် အမှတ်အများဆုံးဆုရရှိသူ မောင်အောင်ခန့် သက်နိုင် ၊ Level 4 Diploma in Computing (First Year) မှ တစ်ကမ္ဘာလုံး တွင် အမှတ်အများဆုံးဆုရရှိသူ မမျိုးမျိုးထွန်း နှင့် June 2014 တွင် Level 4 Diploma in Computing (First Year) မှ တစ်ကမ္ဘာလုံး တွင် အမှတ်အများဆုံးဆုရရှိသူ မောင်သုတနိုင် တို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ NCC Education (UK) နှင့် KMD တို့၏ ပူးပေါင်းချီးမြှင့်သော Scholarship အစီအစဉ်အရ Business IT(BIT) University of Greenwich(UK) ဘွဲ သင်တန်း တက်ရောက်နိုင်ရန်အတွက် နောက်ဆုံးနှစ်သင်တန်းကြေး ကို မောင်အောင်ခန့်သက်နိုင် အား လည်းကောင်း၊ မမျိုးမျိုးထွန်း နှင့် မောင်သုတနိုင် တို့ အား ဒုတိယနှစ်NCC (UK) သင်တန်း တက်ရောက်နိုင်ရန် အတွက် ဒုတိယနှစ်သင်တန်းကြေးကို လည်းကောင်း KMD မှ ပညာသင်ဆုအနေနှင့် ချီးမြှင့်ခဲ့ပါသည်။
              KMD Computer Centre သည် ယခုအချိန်အထိ NCC Education မှ ချီးမြှင့်သော Global High Achiever Award (တစ်ကမ္ဘာလုံးတွင် အမှတ်အများဆုံး) ရရှိသူ (၃၀)ဦး၊ Asia Regional High Achiever Award (အာရှဒေသတွင် အမှတ်အများဆုံး) ရရှိသူ (၃၃)ဦး၊ Roll of Honours Award (အမှတ် ၈၀ နှင့်အထက်) ရရှိသူ(၂၅၉)ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ထိုသို သင်ကြားရေးပိုင်း တွင် ကောင်းမွန်သည့်အတွက်လည်း NCC Education မှ ပေးအပ်သော Academic Excellence Award ကို ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်တို့တွင် လက်ခံရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် NCC, UK မှ KMD နှင့် နှစ်(၂၀) ကြာရှည်လက်တွဲမှုကို အသိအမှတ်ပြုသည့် အနေနှင့် 20 Year Partnership Award ကိုလည်း လက်ခံရရှိထားခဲ့ကြောင်း သိရှိရပါသည်။ ၂၀၁၄ ခုနှစ် အတွက် Scottish Qualification Authority (SQA/HND) မှ KMD ၏ သင်ကြားမှုအရည်အသွေး၊ စည်းစနစ်ကျမှု၊ အရည်အချင်းပြည့်ဝသော ကျောင်းသူ၊ကျောင်းသားများမွေးထုတ်ပေးနိင်မှုကို ဂုဏ်ပြု သည့် အနေဖြင့် "International Star Award" ဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
              ထို့နောက် ၂၀၁၄ ခုနှစ် ဇွန်လ တွင် ကျင်းပခဲ့သော စာမေးပွဲ B.Sc(Hons) in Business Information Technology ဘွဲ့ရရှိသူ (၈၀)ဦး၊ Level 5 Diploma In Computing (L5DC) မှ (၇၈)ဦး၊ Level 4 Diploma in Computing (L4DC) သင်တန်း အောင်မြင်သူ (၇၁)ဦး၊ SQA /HND မှ ပထမနှစ်ကျောင်းသား၊သူ (၃၂) ဦး ၊ City & Guild IT System Support မှ (၃၁) ဦး တို့အား ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
              ထို့နောက် ကြွရောက်လာကြသော ဧည့်သည်တော်များအား အကျွေးအမွေး အစီအစဉ်များဖြင့် ဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြပါသည်။

  • KMD Graduation Ceremony , at UMFCCI
    KMD Graduation Ceremony , at UMFCCI
  • Speech by Director Education & Arts from British Council
    Speech by Director Education & Arts from British Council
  • Speech by KMD President , at UMFCCI
    Speech by KMD President , at UMFCCI
  • B.Sc (Hons) BIT, 1st Class Graduate, Ma Yu Yu Maw
    B.Sc (Hons) BIT, 1st Class Graduate, Ma Yu Yu Maw
  • L5DC Global High Achiever 2014, Mg Aung Khant Thet Naing
    L5DC Global High Achiever 2014, Mg Aung Khant Thet Naing
  • L4DC Global High Achiever 2014, Ma Myo Myo Htun
    L4DC Global High Achiever 2014, Ma Myo Myo Htun
  • L4DC Global High Achiever 2014, Mg Tu Tha Naing
    L4DC Global High Achiever 2014, Mg Tu Tha Naing
  • B.Sc (Hons) BIT Graduate , at UMFCCI.
    B.Sc (Hons) BIT Graduate , at UMFCCI.
  • B.Sc (Hons) BIT Graduate , at UMFCCI
    B.Sc (Hons) BIT Graduate , at UMFCCI
  • Graduation Ceremony , at UMFCCI
    Graduation Ceremony , at UMFCCI
  • Graduation Ceremony , at UMFCCI.
    Graduation Ceremony , at UMFCCI.

KMD နှင့် Huawei တို့ ပူးပေါင်း ဖွင့်လှစ်သော Telecom Training သင်တန်း


မြန်မာနိုင်ငံတွင် Telecom Engineer ဖြစ်နိုင်မည့် အခွင့်အရေး

♦ HCNG Telecom Network သင်တန်း

ICT Basic, Core Network, Access Network, Transmission Network GSM, WCDMA အကြောင်း သင်ကြားပေးပါမည်။


♦ MBB Mobile Tower တည်ဆောက်ခြင်း နှင့် Base Station တပ်ခြင်း သင်တန်း

Mobile Brand Network အတွက် Tower တိုင် တည်ဆောက်ခြင်း နှင့် BTS တပ်ဆင်ခြင်း ၊ စမ်းသပ်စစ်ဆေးခြင်း တို့ကိုစာတွေ့လက်တွေ့သင်ကြားပြသပေးပါမည်။



သင်တန်းပြီးဆုံးပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် Telecom Company ကြီးများနှင့် ချိတ်ဆက်ပေးပါသည်။

Opening Date


HCNG 01:00 PM - 05:30 PM Sat - Sun 14 March 2015
HCNG 09:00 AM - 12:00 PM Mon - Fri 31 March 2015
MBB 01:00 PM - 04:00 PM Mon - Fri 06 March 2015
MBB 09:00 AM - 12:00 PM Mon - Fri 10 March 2015
MBB 01:00 PM - 05:30 PM Sat - Sun 14 March 2015
MBB 08:30 AM - 01:00 PM Mon - Fri 15 March 2015

မြေနီကုန်း
၃၃၁ ၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်
၀၁-၅၀၂၂၃၃ ၊ ၅၂၇၄၃၆

HOTLINE : 09253969200 သို့ လဲ ဆက်သွယ်အပ်နှံနိုင်ပါသည်။

Mobile Repair Hardware

Date: 05 March 2015 (Mon - Fri)
Time: 02:30 PM to 05:30 PM
Place: ၁၇၄-၁၈၂၊ ပန်းဆိုးတန်း၊ ကျောက်တံတား မြို့နယ်။ 01-381035, 381129, 391286


Mobile Repair Software

Date: 06 March 2015 (Mon - Fri) Date: 13 March 2015 (Mon-Fri)
Time: 11:30 AM to 02:30 PM Time: 10:00 AM to 11:30 AM
Place: ၁၇၄-၁၈၂၊ ပန်းဆိုးတန်း၊ ကျောက်တံတား မြို့နယ်။ 01-381035, 381129, 391286 Place: ၁၇၄-၁၈၂၊ ပန်းဆိုးတန်း၊ ကျောက်တံတား မြို့နယ်။ 01-381035, 381129, 391286

UK အသိအမှတ်ပြု Scottish Qualification Association (SQA) မှ ဂုဏ်ပြုချီးမြှင့်သော SQA International Star Award 2014 ကို KMD Computer Centre မှ နိုင်ငံတကာဖြင့် ရင်ဘောင်တန်း၍ ရရှိ ။


KMD Computer Centre အနေဖြင့် နိုင်ငံတကာရှိ အဖွဲ့အစည်းများ ၊ သင်တန်းကျောင်းများ နှင့် ယှဉ်၍ UK အစိုးရအသိအမှတ်ပြု စကော့တလန် အရည်အချင်းစစ် အဖွဲ့အစည်း (SQA) မှ ဂုဏ်ပြု ချီးမြှင့်သော SQA International Star Award 2014 ဆုကို ဆွတ်ခူးရရှိကြောင်း သိရပါသည် ။ International SQA Star award ဟာ SQA ပညာရေးကို ပေးအပ်လျှက်ရှိသောစင်တာ၏ အောင်မြင်မှုကို အသိအမှတ်ပြုသည့် ဂုဏ်ပြုဆုတစ်ခု ဖြစ်ပါသည်။

SQA အနေဖြင့် 2014 ခုနှစ် တွင် နိုင်ငံတကာရှိ Pre-HND နှင့် HND ဒီပလိုမာ သင်တန်းအား ဖွင့်လှစ် သင်ကြားပေးလျက် ရှိသော သင်တန်းကျောင်း အဖွဲ့အစည်းများ ထဲမှ ကျောင်းသား ၊ ကျောင်းသူ များ ၏ အရည်အသွေးများနှင့် စွမ်းရည်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် အကောင်းဆုံး အထောက်အကူပေးသည့် သင်တန်းကျောင်းအား ရွေးချယ်၍ SQA International Star Award ကို ချီးမြှင့် ပေးခြင်းဖြစ်ပါ သည် ။

KMD Computer စင်တာ အနေဖြင့် 2014 ခုနှစ် တွင် သင်တန်းကျောင်းသား၊ ကျောင်းသူ တက်ရောက်မှု အများဆုံး ဖြစ်ခြင်း ၊ ထူးချွန်သော ကျောင်းသားကျောင်းသူများ စွာမွေးထုတ်ပေးနိုင်ခြင်း ၊ ကျောင်းသားကျောင်း သူများအတွက် ပိုမို အထောက်အကူပြုသော သင်ကြားရေး နည်းစနစ်များဖြင့် သင်ကြားပေးခြင်း နှင့် တက်ရောက်ရန် အဆင်ပြေသော အချိန်များကို ပြင်ဆင် စီစဉ်ထားခြင်း စသည့် အရည်အချင်းများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းနှင့်ကျောင်းများ ကို ကျော်ဖြတ်၍ SQA International Star Award ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါတယ် ။

KMD Computer Centre မှ တန်းခွဲ အသစ်အဖြစ် Pre-HND and HND သင်တန်းများကို ထပ်မံဖွင့်လှစ်မည် ဖြစ်ပါတယ် ။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း KMD 01-700895 ၊ 502233 ၊ 09-254868920 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ် ။

နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံ ဘွဲ့ သင်တန်း ၊ ၂၀၁၄ ပညာသင်နှစ် ပထမနှစ် အတွက် သင်တန်းကြေး ကင်းလွှတ်ခွင့်များ December လတွင် နောက်ဆုံး အနေဖြင့် လျှောက်ထားနိုင်မည်


အင်္ဂလန်နိုင်ငံ ၊ Greenwich တက္ကသိုလ်မှပေးအပ်သည့် ကွန်ပျူတာသိပ္ပံဘွဲ့ ကို မြန်မာနိုင်ငံတွင်တက်ရောက်ပြီး တိုက်ရိုက်ရယူနိုင်မည့် အခွင့်အလမ်းကို KMD သင်တန်းကျောင်းတွင် ရရှိနိုင်ပါသည် ။ ပညာသင်ကာလ ၃ နှစ်ဖြစ်ပြီး ပထမ နှစ် ကွန်ပျူတာ ဒီပလိုမာသင်တန်း ၊ ဒုတိယနှစ် အဆင့်မြင့် ကွန်ပျူတာဒီပလိုမာ သင်တန်း နှင့် နောက်ဆုံးနှစ် ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်း ၃ မျိုး တက်ရောက်ရမည် ဖြစ်ပါသည်။

ပထမ နှစ်သင်တန်း ပြီးဆုံးပါက Programer ၊ Webdeveloper အနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်မည့် ကွန်ပျူတာ ဒီပလိုမာ ရရှိမည်ဖြစ်ပြီး ဒုတိယ နှစ်ပြီးဆုံးပါကလည်း System Analyst ၊ Web Administrator အနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်မည့် အဆင့်မြင့် ကွန်ပျူတာ ဒီပလိုမှာကိုရရှိမည်ဖြစ်ပါတယ် ။ ထပ်မံပြီး နောက်ဆုံးနှစ် အောင်မြင်ပြီးပါ ကွန်ပျူတာသိပ္ပံဘွဲ့(B.Sc Hons B.I.T) ကိုရရှိမည် ဖြစ်ပြီး Project Manager ၊ Web Master စသည့် နည်းပညာရှင်များ အဖြစ် လုပ်ငန်းခွင် ဝင်ရောက်နိုင်မည်ဖြစ်ပါတယ် ။

ဒါကြောင့် သင်တန်းများပြီး ဆုံးလျှင် ကွန်ပျူတာ ဒီပလိုမာ ၂ ခု နှင့် ဘွဲ့ တစ်ခုရရှိမည်ဖြစ်ပါတယ် ။ Greenwhich University မှချီးမြှင့်သော ဒီပလိုမာများမှာ နိုင်ငံတကာအသိမှတ်ပြုဖြစ်သောကြောင့် နိုင်ငံတကာ ရှိ ကုမ္မဏီကြီးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့် အရေးများ ၊ နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အရေးများစွာ ရရှိမည်ဖြစ်ပါတယ် ။

KMD ၏ ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်း ပထမနှစ်အတွက်တန်းခွဲ သစ်များဖြစ်တဲ့ 7:00 am to 11:00 am ( Mon – Fri ) သင်တန်းကို နိုဝင်ဘာလ ၂၄ ရက်တွင်လည်းကောင်း ၊ 1:00 pm to 4:00 pm ( Mon – Fri ) သင်တန်းကို ဒီဇင်ဘာလ ၅ ရက်တွင် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပါတယ် ။

၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အတွက် ၂၀% မှ ၁၀၀% အထိ သင်တန်းကြေး ကင်းလွှတ်ခွင့်များ ကို ဒီဇင်ဘာလ တွင်နောက်ဆုံးထားအနေဖြင့် လျောက်ထားနိုင်ပါသည် ။ ။

KMD ၏ ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်း နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း 01-700895 ၊ 502233 ၊ 220555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ။

Mobile Hardware သင်တန်း


• Mobile Phone Brand မျိုးစုံနှင့် စာတွေ့လက်တွေ့ သင်ကြားပေးပါမည်။
• လုပ်ငန်းခွင် ဝင်ရောက်ရန် On Job Training များ စီစဉ်ပေးပါမည်။
• နိုင်ငံတကာ အဆင့်မီ hTc Authorized Service Center တွင် လေ့လာခွင့် ရရှိမည် ဖြစ်ပါသည်။



December တန်းခွဲ သစ်များ ကို KMD Center အမှတ် -၁၇၄-၁၈၂ ၊ ပန်းဆိုးတန်းလမ်း ၊ ကျောက်တံတားမြိုနယ် တွင် အပ်နှံ နိုင်ပါပြီ။

မိုဘိုင်းဖုန်းများစွာကို ကျွမ်းကျင်စွာ အသုံးပြု နည်းသင်တန်း (Handy Smartphone)


Smartphone မျိုးစုံကို ကျွှမ်းကျင်စွာ သုံးလိုသူများ နှင့် Mobile ဆိုင်များတွင် အလုပ်လုပ်လိုသူများတက်ရောက်နိုင်ပါသည်။

ပန်းဆိုးတန်း - ၃၈၁၀၃၅ / ၃၉၁၂၈၆ တာမွေ(၁)(၂) - ၅၄၁၃၂၈ / ၅၄၆၆၀၀
မြေနီကုန်း - ၅၃၄၁၇၀ / ၅၀၂၂၃၃ သိမ်ကြီးဈေး - ၃၈၄၂၆၈ / ၃၈၄၆၄၁
လှည်းတန်း (၁) (၂) - ၅၂၄၄၀၀ / ၅၀၂၂၁၁ ကမ္ဘာအေး - ၆၆၀၈၈၇

November တန်းခွဲသစ်များစတင်လက်ခံပေးနေပါပြီ။


HOTLINE 09 253969200 သို့လဲ ဆက်သွယ်စုံစမ်းနိုင်ပါသည်။